သမိုင်းကြောင်းလေ့လာစရာ

https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xaf1/v/t1.0-9/p100x100/10423643_776658982403656_2838763629017117046_n.jpg?oh=696cbef88cbcf23ec9c76c75cae744d2&oe=5526953B&__gda__=1428410076_25ff4d83c4963989b543cfaf5b90e483

ဘုန်းတင့်ကျော်

ဗရမ္မာ ခေါ် ပျူတွေ စာတတ်မြောက်တဲ့ခေတ်………………………………………………..မြန်မာနိုင်ငံအတွင်း ဗရမ္မာ (ခေါ်) ပျူလူမျိုးတို့ မည်သည့်ခေတ်တွင် စာတတ်မြောက်ခဲ့ကြောင်းအထောက်အထား တွေ့မြင်ရပါသနည်း။ဗရမ္မာ (ခေါ်) ပျူလူမျိုးတို့ စာမတတ်သော ခေတ်ကာလ ရှိခဲ့ပါသလားဟု ဆိုလျှင် တရုတ်၊ ကုလား၊ ဂရိ၊ အင်္ဂလိပ်၊ မွန် အပါအ၀င် လူမျိုးပေါင်းစုံ စာမတတ်သောခေတ် ရှိခဲ့သကဲ့သို့နည်းတူ ဗရမ္မာ (ခေါ်) ပျူတို့လည်း စာမတတ်သောခေတ်ကာလ ရှိခဲ့ပါသည်။ မည်သည့်လူမျိုးမဆိုသမိုင်းမတင်မှီခေတ်နှင့် စာမတတ်သောခေတ်တို့ ရှိခဲ့ကြကြောင်း လေ့လာသူတိုင်း တွေ့မြင်နိုင်ပါသည်။ မိမိတို့လူမျိုးတွင် စာမတတ်သောခေတ် မရှိခဲ့ပါဟုဆိုလျှင် ထိုလူမျိုးကား လူကြွားမျိုးပင် ဖြစ်ပါလိမ့်မည်။ဗရမ္မာ (ခေါ်) ပျူတို့သည် ကျောက်ချောခေတ်လူသားများမှ ပျူ (ခေါ်) မြန်မာများ ဖြစ်လာကြကြောင်း စမုံမြစ်ဝှမ်း(မုံရွာနယ်)၊ ညောင်ကန်ဒေသနှင့် ဟန်လင်းရှေးဟောင်းသင်္ချိုင်းများတွေ့အထောက်အထားများအရ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါသည်။ ဟန်လင်း ပျူသင်္ချိုင်းတွေ့ကျောက်တည်လက်စ ရုပ်ကလာပ်များ၏ သက်တမ်းမှာ အနည်းဆုံး အနှစ် (၄၅၀၀ မှ ၅၀၀၀)ရှိကြောင်းဘူမိဗေဒကျောက်ဖြစ်ရုပ်ကြွင်း ပညာအရ ဖော်ထုတ်သိရှိရပါသည်။ကျောက်ကြမ်းခေတ်နှင့် ကျောက်ချောခေတ်တွင် တရုတ်၊ ကုလား၊ ဂရိ၊ အင်္ဂလိပ်၊ ပျူ၊ မွန် တို့အပါအ၀င် မည်သည့်လူမျိုးမှ စာတတ်မြောက်ကြောင်း အထောက်အထားမျိုး ရှာမတွေ့သေးပါ။ကြေးခေတ်တွင်မူ အချို့သောလူမျိုးများ စာတတ်မြောက်လာပြီဖြစ်ကြောင်း တွေ့မြင်ရပါသည်။သို့သော် ယင်းသို့ ကြေးခေတ်ဦးကာလ ဘီစီ ၁၀၀၀-၆၀၀ ကာလတွင် စာတတ်မြောက်သောလူမျိုးများအထဲ၌ ပျူ နှင့် မွန် မပါဝင်သေးပါ။ ထိုကာလတွင် ပျူနှင့် မွန်တို့ စာတတ်မြောက်သောအထောက်အထားများ မတွေ့မြင်ရသေးပါ။မြန်မာနိုင်ငံတွင် ကျောက်ကြမ်းခေတ်၊ ကျောက်ချောခေတ်၊ ပျူကြေးခေတ်၊ ပျူသံခေတ်၊ ပျူမြို့ပြနိုင်ငံခေတ်၊ ပျူဧကရာဇ်နိုင်ငံခေတ်များ ပေါ်ပေါက်ထွန်းကားခဲ့ကြောင်း၊ ပျူဟု ယာယီအမည်(ဗလက်ဒင်)တပ်ခဲ့သော လူမျိုးမှ ဗရမ္မာ-မရမ္မာ-မြန်မာလူမျိုး ဖြစ်လာကြောင်းကို အင်္ဂလန် ကင်းဘရစ်ခ်ျတက္ကသိုလ် သမိုင်းပါမောက္ခ ဂျက်နက်စတက်ဂတ်၊ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ဒေါက်တာအဲလစ်ဇဘတ်မိုး၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ ဘော့ဟတ်ဆန် နှင့် ပြည်တွင်းရှေးဟောင်း သုတေသနပညာရှင်များမှ လေ့လာတွေ့ရှိ ဖော်ထုတ်ခဲ့ကြသည်။မြန်မာနိုင်ငံတွင် ဗရမ္မာ-မြန်မာ (ခေါ်) ပျူတို့ မည်သည့်ခေတ်တွင် စာစတင်တတ်မြောက်ကြောင်းအထောက်အထားတွေ့မြင်ရပါသနည်း။အိန္ဒိယတွင် ရှေးအိန္ဒိယသားတို့ စာအက္ခရာ တတ်မြောက်သုံးစွဲခြင်းကို ဘီစီ ၃၀၀၀ (လွန်ခဲ့သောနှစ် ၅၀၀၀)ခန့်က မိုဟန်ဂျိုဒါရိုမြို့နှင့် ဟာရပ္ပမြို့ကြီးများတွင် အထောက်အထားများ စတင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ယင်းရှေးဟောင်းအက္ခရာတို့ကို အခြေပြု၍ ဘီစီ ၆ ရာစု ဗုဒ္ဓခေတ်နှင့် ဘီစီ ၃ရာစု အသောကခေတ်သုံး ဗြဟ္မီ(အသံထွက်-ဗရမီ)အက္ခရာ ဟု ခေါ်ဆိုသော ဗုဒ္ဓ-အသောကခေတ်သုံး ရှေးဟောင်းအက္ခရာ အမျိုးအစား ပေါ်ပေါက်လာကြောင်း အိန္ဒိယသမိုင်းပညာရှင်လောကမှလေ့လာဖော်ပြခဲ့သည်။အဆိုပါ ဘီစီ ၆ ရာစု- ၃ ရာစု သံခေတ်သုံး ဗြဟ္မီအက္ခရာအရေးအသားများကို ဘီစီ ၆ ရာစု ပိပရ၀သာကီဝင် မောင်နှမများ ကျောက်အိုးစာတွင်လည်းကောင်း၊ ဘီစီ ၃ ရာစု အသောကကျောက်စာတိုင် (၃၂)တို့တွင်လည်းကောင်း အထောက်အထား ထင်ရှားစွာတွေ့မြင်ရပါသည်။ရှေးဟောင်းခေတ် မြန်မာနိုင်ငံမှ ဟန်လင်းမြို့ဟောင်း နှင့် သီရိခေတ္တရာမြို့ဟောင်းများတွင်ဗြဟ္မီအက္ခရာတစ်တန်း၊ ဗရမ္မာ (ခေါ်) ပျူအက္ခရာတစ်တန်း စာတန်းများ ၈ ကြောင်းခန့် အနည်းဆုံးရေးထိုးထားသော ရှေးဟောင်းကျောက်စာတိုင်ကြီးများ အထင်အရှား တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ ဗြဟ္မီအက္ခရာများဖြင့် ရေးထိုးထားသော ကျောက်စာတိုင် ၂ တိုင်အပြင် ဗြဟ္မီအက္ခရာများ ရေးထိုးထားသော ရှေးဟောင်း အုတ်ခဲစာများကိုလည်း ယင်း ၂ မြို့တွင် ထင်ရှားစွာတွေ့မြင်ရပါသည်။ယင်း ဟန်လင်းနှင့် သီရိခေတ္တရာ ပျူမြို့ဟောင်းကြီး ၂ ခုအပြင် ပျူရာဇ၀င် ၁၂ စောင်တွဲတွင်ပါဝင်သော မြန်မာပျူ(မြို့တော်-တကောင်း၊ အရိမဒ္ဒန၊ ပုဂံ)၊ အစီရီပျူ (မြို့တော်-ဓည၀တီ)၊ တိန်မယ်ပျူ(မြို့တော်-ပဲခူး)၊ ကလောက်ဂေးပျူ(မြို့တော်-သထုံ)၊ တနင်္သာရီပျူ (မြို့တော်-ထားဝယ်) ဟု မှတ်တမ်းရှိပြီး ယနေ့ခေတ်တိုင် ပျူအုတ်ခဲစာများ၊ ပျူစဥ့်စာများ၊ ပျူအက္ခရာပါသော ပျူဒင်္ဂါးများ၊ ပျူခေတ် ဗုဒ္ဓရုပ်ပွားတော်များ၊ ပျူခေတ်အုတ်ခွက်ဘုရားများ၊ ပျူပုတီးစေ့များ၊ ပျူဆေးတံများ၊ ပျူခေတ်စေတီများ၊ ပျူခေတ်သိမ်များ၊ ပျူအုတ်ခဲစာပါ အုတ်များ၊ ပျူစဥ့်စာပါ စဥ့်ထည်များပြုလုပ်သောစဥ့်ဖိုများနှင့် အရိုးအိုးများ၊ ပျူခေတ် မြို့ရိုးတံတိုင်းများ ယနေ့တိုင် ထင်ရှားစွာ အထောက်အထားတွေ့မြင်နေရသော ပေါက္ခရ၀တီပျူမြို့ဟောင်း၊ ပါဒပျူမြို့ဟောင်း၊ လှည်းကူးပျူမြို့ဟောင်း(မြို့လေးစွန်းပျူမြို့ဟောင်း)၊ ပဲခူးတိန်မယ်ပျူမြို့ဟောင်း၊ ရမ္မာပူရ (မော်လမြိုင်)ပျူမြို့ဟောင်း၊တနင်္သာရီပျူ ထားဝယ်သာဂရပျူမြို့ဟောင်း၊ မြိတ်ပျူမြို့ဟောင်း၊ တနင်္သာရီပျူမြို့ဟောင်း များတွင်လည်းကောင်း သီရိခေတ္တရာနှင့် ဟန်လင်း ဗရမ္မာ (ခေါ်) ပျူတို့ ဗြဟ္မီအက္ခရာများ သုံးစွဲသည့်အတိုင်း ဗြဟ္မီအက္ခရာ အုတ်ခဲစာ၊ စဥ့်စာများကို ပျူအုတ်ခဲစာ ပျူစဥ့်စာများနှင့်အတူ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ရှေးဟောင်းခေတ် မြန်မာနိုင်ငံအတွင်း ဗရမ္မာ (ခေါ်) ပျူတို့ ဘီစီ ၆ ရာစု – ၃ ရာစု ကာလ ဗုဒ္ဓခေတ်-အသောက ဗြဟ္မီခေတ်ထက် နောက်မကျပဲ စာတတ်မြောက်နေပြီဖြစ်ကြောင်း ဟန်လင်းတွေ့ ဗြဟ္မီစာ ၈ ကြောင်းခန့် ရေးထိုးထားသော ရှေးကျောက်စာတိုင်နှင့် သီရိခေတ္တရာ သူရိယ၀ိကြမ မင်း မိဖုရား ကျောက်အရိုးအိုး အခြေ၀ိုင်းပါ ဗြဟ္မီအက္ခရာစာ ၈ ကြောင်းခန့်ပါ ကျောက်စာတို့အရ အလွန်ထင်ရှားပြီးဖြစ်ပါသည်။ ဟန်လင်း ပျူသင်္ချိုင်းသည်လည်း လွန်ခဲ့သော နှစ်(၄၅၀၀ – ၅၀၀၀) ထက်နောက်မကျကြောင်းသည်လည်း ထင်ရှားပေါ်ပေါက်လျှက်ရှိပါသည်။သီရိခေတ္တရာ ဘုရင် ၃ ပါးနှင့် မိဖုရား ၁ ပါးတို့၏ ကျောက်အရိုးအိုး စာအက္ခရာများသည်လည်းအေဒီ ၂ ရာစုဟု ယူဆကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း ရေးသားဖော်ပြခဲ့ပါသည်။မွန်လူမျိုးတို့ စာတတ်မြောက်သည်ကို မြန်မာနိုင်ငံပြင်ပ ယခင်ပျူသြဇာခံနိုင်ငံဖြစ်သည့် ဒွါရာဝတီလ၀ပူရမင်းနေပြည်ရှိသော ဒွါရာဝတီနိုင်ငံအတွင်း အေဒီ ၇ ရာစုဖြစ်ကြောင်း၊ ရှေးမြန်မာနိုင်ငံအတွင်းတွင် သထုံ ဒွတ္တဘောင်မြို့၌ အေဒီ ၁၁ ရာစု အနော်ရထာမင်းလက်ထက်ဖြစ်ကြောင်းပညာရှင်တို့ ဆိုပါသည်။တွေ့ရှိရသော မြေပေါ်မြေအောက် သုတေသနပြု တူးဖော်မှုများအရလည်း ဗရမ္မာ (ခေါ်) ပျူလူမျိုးတို့ စာတတ်မြောက်သောခေတ်နှင့် မွန်လူမျိုးတို့ စာတတ်မြောက်သောခေတ်မှာ နှစ် ရာပေါင်းများကွာခြားလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ *ဘုန်းတင့်ကျော်*

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s